မင်္ဂလာပါ။ ကျွန်မနာမည်က ဒေါ်ငြိမ်းငြိမ်းအိစံဖြစ်ပါတယ်။ လက်ရှိမှာ ဖင်လန်နိုင်ငံတွင် နေထိုင်ပြီး အလုပ်လုပ်ရင်းကျောင်းဆက်တက်နေသူဖြစ်ပါတယ် ။ ကျွန်မ မြန်မာနိုင်ငံမှာ မူလတန်းပြ ၊အလယ်တန်းပြ ၊အထက်တန်းပြရာထူးတွေနဲ့ စုစုပေါင်းပညာရလုပ်သက်(၁၆)နှစ်ရှိခဲ့ပါတယ် ။ နောက်ထပ် ဖင်လန်မှာ အလယ်တန်း၊ အထက်တန်း တက်နေတဲ့ ကလေးတွေကို ဖင်လန်ဘာသာစကားကိုကြားခံထားလို့ သူတို့ရဲ့ ရူပဗေဒ၊ဓာတုဗေဒဘာသာရပ်တွေကို ကူညီရှင်းပြပေးတဲ့ တန်းခွဲတွေ ၊မြန်မာ နိုင်ငံက ဖင်လန်ကို လာချင်တဲ့ ကလေးတွေကို အသက်အရွယ်အုပ်စုလိုက်ခွဲပြီး ဖင်လန်ဘာသာစကားကို သင်ကြားပေးနေပါတယ်။ လက်ရှိမှာ ကိုယ်တိုင်ကလ ည်း ဘယသာစကားကျောင်းကို ဆက်တင်နေရင်း အလုပ်ထဲမှာလဲ ဖင်လန်ဘာသာစကားကို အသုံးပြုနေရသယတစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံသားကလေးတွေ Finnish ဘာသာစကားကို စတင်လေ့လာသူတွေ ကြုံတွေ့ရတဲ့ grammar အခက်အခဲများ၊ စကားပြောရမှာ ကြောက်ရွံ့မှုများ၊ နားမလည်တဲ့ အပိုင်းတွေကို ကောင်းစွာ နားလည်ပြီး ကျောင်းသားများအချိန်သက်သာစွာနဲ့ လေ့လာဖို့ ကူညီပေးနိုင်မယ် လို့ ယုံကြည်ပါတယ်။